Tuesday, January 6, 2009
“သစ္စာ”လက်သန်းလေး နစ်ချောင်း..
သံသရာဆိုတာသိပ်ကျယ်ပြောတာပဲ
ငါတို့နှစ်ယောက်..“သစ္စာ”ပြူခဲ့ကြပြီးပြီနော်..
ဘယ်လိုပုံစံ..ဖြစ်ဖြစ် တသက်လုံးချစ်မယ်..
ဘာအတားအစီးတွေရှိရှိ လက်တွဲရင်ဆိုင်မယ်..
တနေ့နေ့..တချိန်ချိန် ..အတူဆုံမယ်ဆိုတာ
ထင်တော့ထင်နေ..သိတော့သိနေခဲု့ကတာပဲ..
ကံတရားက မျက်နှာသာလေးပေးလာတဲ့..တနေ့ပေါ့..
လှိုင်းတွေကကြီးလွန်းပြီး
ပင်လယ်ကွေ့တွေကများလွန်းတယ်..
ခံနိုင်ရည်ရှိဖို့က… ကိုယ်တို့နစ်ယောက်ရဲ့တာဝန်လေ..
ဆံချည်တစ်မျှင်စာလောက်ပဲကွာတဲ့
ဖြစ်ရပ်တွေကလည်းအများကြီးပဲ..
မြင်ရက်နဲ့..မုကင်ရမဲ့...အဖြစ်မျိုးလဲ.ုကုံကရအုန်းမှာ..
ဒါပေမဲ့…
ဘာတွေဘယ်လိုဖြစ်ဖြစ်..
သစ္စာမပျက်ကြေး… ချစ်ဆုံးသူ..
လာ.. လက်သန်းလေးပေး..
တို့ ..နစ်ယောက် လက်သန်းလေး၂ချောင်းချိတ်ထားတာ
လူတွေအမြင်မှာတော့..ဘာခိုင်မှာလဲပေါ့..
မှတ်ထားစမ်းလိုက်ချစ်သူ…
ဘာ…ဘယ်..အရာနဲ့မှ..ခွဲဖြတ်လို့မရတဲ့..
သစ္စာလက်သန်းလေး နစ်ချောင်း..
သူတို့တွေဝိုင်းခွဲခြားနေတဲ့..
အရောင်တွေကို
တို့နစ်ယောက်ရဲ့နလုံးသားနဲ့ပဲခွဲရလိမ့်မယ်..
ဒါ..တို့နစ်ယောက်နဲ့ပဲဆိုင်တယ်နော်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment