I made this widget at MyFlashFetish.com.

Wednesday, December 17, 2008

အရည်ထုတ်


selectionjme.mp3 - unknown

မရှိခဏ


မရှိခဏ ...

- မြွေကြီးလို့သာ နဂါးဖြစ်လာတာ..ထောင်ပြစရာအမောက်မရှိဘူး..။
- လက်ဖ၀ါးမို့သာ အရေးအေုကာင်းပါလာတာ
မာန်တက်စရာ ထီးရိုးမရှိဘူး..။
- ကိုယ်စီခာတ်ကွင်ပြင် မြစ်ထဲတော့ဝင်လာုကတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ..
အစုန်သမားက လန့်အော်..
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး...။
- နစ်ကူးလို့သာ ဂဏန်ုးကီးလာတာ
တကယ်ပြစရာ အသက်လဲ မရှိဘူး..။
- လှူပ်ရှားနေလို့သာ ဘ၀လို့ခေါ်တာ
ဖေါ်ပြစရာ အဓိပါယ်လဲ မရှိဘူး...။

ရှေးရေစက်

မှတ်ချက်။ ။ (( မရှိခဏ )) ဆိုတဲ့ စကားလုံးလေးကို ကျွန်မ ခဏခဏ သုံးဖြစ်ခဲ့ပါသည်။ မည်သည့်အချိန်တွင်သုံးမိသည်ဆိုပါက ကျွန်မ၏ မေမေ တွင် ၀င်ငွေပြတ်သည့်နေ့များတွင်ကျွန်မ မေမေ့ဘေးတွင်ရှိသည်ဖြစ်စေ/ မေမေ၏ အဝေးကိုရောက်နေချိန်ဖြစ်စေ .. ကျွန်မ ပြော်ခဲ့ဖူးပါသည်။ မေမေရယ်.. မရှိလဲခဏပေါ့ ..နော် မေ..နော်..
ဆိုပြီး.. မေမေ့ကိုအားပေးခဲ့ဖူးပါသည်။ ယခုရက်ပိုင်းကျွန်မ၏ အီးမေးလ်သို့ မရှိခဏ ၏ လေးနက်ခြင်း ဆောင်းပါးလို့ဆိုသည်ထက်..စာသားလေး ကို Scan ဖတ်ထားသည့် attachment file လေး က်ုရရှိခဲ့ရာ.. ကျွန်မအတိုင်းမသိ ၊ ကျေနပ်.. ပီတိ..ဂုဏ်ယူ စွာ မျက်ရည်ဝဲခဲ့ရပါသည်။
ကျွန်မ သုံးမိသည့် ထို...(( မရှိခဏ )) စာသားလေးကို ကျွန်မ လေးစားသော ပုဂိုလိမှ ရဲရင့်စွာ ရေးသားခဲ့သည့်အတွက် ကျွန်မ အတိုင်းမသိ ဂုဏ်ယူစွာ ဒီ Post ကို တင်ပြခြင်းဖြစ်ပါသည်..ရှင်..။

ရှေးရေစက်ကြိုက်တယ်။


*မြစမ်းမျက်ရည်*

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မုကည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေုကည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။


ရှေးရေစက်
အမိမြေမှအဝေးရောက်နေသူ

မညာတော့ဘူး..မင်းကိုချစ်သည်။

http://www.mediafire.com/?yzjlzidjgyz

Friday, December 5, 2008

အကယ်၍သင့်ဘဝတွင် ဤမျှ လောက်ချစ်ရမည့်သူ ရှိပါက...


ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊

ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊

ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊

ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊

ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊

ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး

ကောင်မလေးက နောက်မှ့ကြင်နာမှု များဖြင့်ဖက်လိုက် သည်။

ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီ့ဟာုကီး
ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှုကြောင့်
အဆောက်အဦထဲ သို့ဝင် တိုက်မိေုကာင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနစ်ဦး
ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကာင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော
စကား နှင့် ယုယ မှု များကို နောက်ဆုံးအုကိမ်ခံယူ သွားကာ
မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား
သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။


အရမ်းချစ်တဲ့ ချစ်သူတိုင်း ..ဒီ..လို အဖြစ်ဆိုးမျိုးမှ ကင်းဝေးပါစေ...။

Thursday, November 20, 2008

ဆွေးရတယ်


ယုံကည်ပါ..ငါပြော်လိုက်ပါရစေ။
အချိန်ကို ရပ်ဆိုင်းထားချင်လည်း.
ပြင်ဆင်နိုင်ခွင့် မရှိသော ဘ၀တွေရယ်..
ဆွေးရတယ်။
ယုံကည်စွာမျှော်လင့်ခဲ့မိတယ်..
တချိန်ချိန် (တဘ၀..ဘ၀..) မှာ ပြန်ဆုံဆည်းကြမယ်လို့.........



ရှေးရေစက်
နိုဝင်ဘာ ၂၀..၀၈ ( ည )

ဘယ်တော့မှမမေ့ဘူးးးးး

ရှေ့ဆက်ရမဲ့ မင်းရဲ့ ဘ၀အသစ်အတွက်...
ဒီရပ်ဝန်းလေးထဲမှာ သူ့ထက်ပဲ လူချစ်လူခင်ပေါ များနိုင်ကြပါ့ မလားလို့
သံသယထားစရာတောင်မလိုတဲ့သူ...။
အခြေအနေ အကြောင်းကြောင်းကြောင့်
သူချစ် တဲ့သူတွေကို မခွဲ ချင်ပဲ ကျောခိုင်းခဲ့ရတဲ့သူလေးတစ်ယောက်.....

ဘယ်တော့မှမမေ့ဘူးးးးးးးးးးးးးးးးး။



ရှေးရေစက်
နိုဝင်ဘာ-၂၀-၂၀၀၈(ည၈နာရီ၂၀မိနစ်)

ချန်ခဲ့သူနဲ့ကျန်ခဲ့သူ


ရှုပ်ပါတယ်ကွာ..
လုပ်စရာတွေရှိသေးလို့..
မြန်မြန်လေး ဒိုး ( ထွက် )သွားခဲ့တယ်..
တမျိုးတော့မထင်ပါနဲ့တဲ့..
တမင်တကာရက်စက်ခဲ့တာမဟုတ်ရပါဘူး..
အင်တာနက်က သူငယ်ချင်းတွေကို..
နုတ်မဆက်ပဲ ( ဒိုး )သွားခဲ့တယ်...

ှSee you Next Life .....တဲ့ ။


ရှေးရေစက်
Nov-20-2008/ 8:15 PM

ရှေးရေစက်..ရင်ကွဲတာ ..သူ့ေုကာင့်


မီးချစ်လေး..
သံသရာမှာ ကျင်လည်နေသမျှ... နောက်နောင်ဘ၀... မိဘကို.. ဒီ့ထက်ပို..အုကာုကီးလုပ်ကျွေးနိုင်ပါစေ။
ကိုယ်လဲတနေ့ ..မီးချစ်လေးနောက် လိုက်ရမှာသိပေမဲ့... ဖြေလို့မရဘူး.....



ရှေးရေစက်
နိုဝင်ဘာ-၂၀-၂၀၀၈( ဒီအချိန်)

Wednesday, November 19, 2008

အနိုင်ပိုင်းသွားတာလားကွယ်..


မနေ့က ရှေးရေစက် ရင်အစိတ်စိတ်..အမွာမွာကွဲေုကတဲ့နေ့လေးပါ..
၂၀၀၃ ခုနှစ်ကတည်းက ..www.yangoncity .. X Chat မှာ... စတွေ့..စချက်မိကြပြီး..အပြင်မှာပါ..
ညီအစ်မအရင်းလို ချစ်လာခဲ့ရတာ.. ပြီးတော့.. ကောင်းတိုင်ပင်..ဆိုးတိုင်ပင်..အစစ..အရာရာ နားလည်ပေးနိုင်တဲ့..

ချစ်လွန်းလို့ .. တယောက်နဲ့တယောက်ခေါ်တာတောင်.. မီးချစ်လေ... မချစ်လေး... ဆိုပြိး..
ခေါ်ခဲ့ကြတာ... သိပ်တော်ပြီး.. သိပ်ဖြတ်လတ်တဲ့ မိန်းကလေး..
သူ....... အခုတော့...ထားခဲ့ပြီ..အရာရာကို အနိုင်နဲ့ပိုင်းပြီး... သူလာရာလမ်းကို..သူ..ပြန်ထွက်သွားခဲ့ပြီလေ။
သူ နဲ့ ရှေးရေစက် မတွေ့ဖြစ်တာကြာလို့ ..ဒီတခေါက် ရှေးရေစက်..မြန်မာပြည်ကမထွက်လာခင်..
သူလာတွေ့တော့ သူကရှေးရေစက်ကိုမှာနေသေး.. မချစ်..ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်တဲ့။
သူကတအားပိန်နေလို့..သူ့ ဆံပင်အရှည်ကြီးတွေ မရှိတော့လို့...မီးချစ်လေးသာ ဂရုစိုက်ပါဆိုတော့..
ရှေးရေစက်ပါးကို တဖွဖွ နမ်းပြီး.. မီးချစ်က နောက်ဘ၀မှာ..မချစ်ကို ယူမှာတဲ့..
နောက်ဘ၀ကျရင် ယောက်င်္ကျားလေးဖြစ်ပါစေတဲ့... သူ...နုတ်ဆက်သွာတာလား...
သူ့မှာ သွေးကင်ဆာရှိနေတာ..ဘာလို့မပြော်တာလဲ... အ..ခု...တော့............
ရှေးရေစက်ရဲ့.... အမျှင်လေး တခု ...ပြတ်သွားခဲ့ရပြီ။
ထားခဲ့သူနဲ့ ကျန်ခဲ့သူမှာ... အပူမီးတောက်လောင်ရတာက .. ကျန်ခဲ့သူပါ...
သွားလေသူကတော့ .. ငြိမ်းချမ်းသွားပြီပေါ့...
ရင်နာတာက.. မိဘကို ငယ်ငယ်ရွယ်ရွယ်နဲ့လုပ်ကျွေးနေတဲ့ သူမလေး..အစောုကီးပြန်သွားရတာကိုပဲ..
သေမင်းကတော့.. ဘာမှ သိမှာမဟုတ်ဘူးပေါ့နော်..ငယ်တာ..ုကီးတာ..ဆင်းရဲတာ..ချမ်းသာတာ..
သူ့အချိန်တန်ရင်သူကတော့..သူလုပ်စရာရှိတာကို..လုပ်သွားတာပါပဲ...
သူမလေးကတော့..ဘာပဲဖြစ်ဖြစ်..လောကုကီးကို အနိုင်ပိုင်းသွားခဲ့ပြီ။
ရှေးရေစက်...တို့...ကရော......................................


၁၆-၁၁-၂၀၀၈ / ည ၁၁နာရီ၄၅မိနစ် မှာ.. ဘ၀တပါးသို့ကူးပြောင်းသွားပါသော......... အမျှင်လေး(မီးချစ်)
ကောင်းရာဘုံဘ၀ရောက်ပါစေ။







Monday, November 17, 2008

အရိနမာသိပါတယ်

http://www.youtube.com/watch?v=a5sPbJPDz3w

ပေါက်တတ်ကရ ရေစက်မ



သူက သူမလေးကို တကယ်သိပ်ချစ်တာ

သူ..က ကင်းကောင်
သူမ..က ဂေါ်ဇီလာ
တိုက်ခိုက်ရင်းနဲုကက်ဆူပင်တွေ ပျက်စီးခဲ့ဖူးတယ်။ ( တော်တော်ုကီးတဲ့ အပင်တွေုကုံဖူးပေါင် )

သူ..က သစ်ပင်
သူမ..က မျောက်မလေး
သူမ..ချိုးချခဲ့လို့ လူညွန့်တုံးခဲ့ရတယ်။ ( ခိ .. တော်တော်အစွမ်းထက်တဲ့သူမလေး )

သူ...က မိုးစက်
သူမ...က ကလေးလို
ရူးရူးတွေပေါက်ချ
ထားခဲ့လို့ ပါတ်ဝန်းကျင်မှာ နံဟောင် ကျန်ခဲ့တယ်။ ( ခိ.. ညစ်ပါတ်မလေး )

သူ...က ပန်းပွင့်ငယ်
သူမ..က ယင်ကောင်
ဟိုမှာ..ဒီမှာ..နားပြီး သူဘေးနားလာရစ်ဖူးတယ်
နံလိုက်တာမှ လွန်ရောပဲ။ ( သေချာပြီ ဟိုအပုံပေါ်နားပြီးလာတာဖြစ်မယ်..ခိ )

သူ..က ကျောက်ဆောင်
သူမ...က ရေညှိ
သူမေုကာင့် လူတွေခဏခဏ ချော်လဲကြရတယ်။ ( သူတို့ ခြေမခိုင်ကြတာကိုများ )

သူ...က ရိုးတံရှည်
သူမ...က လင်းတ
မနိုင်မနင်းသူမ၀ိတ်ုကီးနဲ့ တက်လို့

သစ်ကိုင်းကျိုးကျခဲ့ရဖူးတယ်။ ( ရိုးတံရှည်လေးဟာကို သစ်ကိုင်းဖြစ်ရပြန်တယ်)

သူ...က စာအုပ်လေးဖြစ်
သူမ...က ခြ
သူမကိုက်စားသွားလို့ နှလုံးသားတောင် တိုးလှိုပေါက်နေပြီ။

ဒီလိုနဲ့ သူမနဲ့သူ

ဘိုးဘွားရိပ်သာက အဖိုးကီးအိုတွေကို
ရေငတ်နေမလားဆိုပြီး အရက် အတူတူ ၀ယ်တိုက်ခဲု့ကဖူးတယ်။ ( ခိ.. အဖိုးတွေက သာဓု..သာဓု..သာဓု..တဲ့ )

ရှေးရေစက် ( ၁၇-၁၁-၂၀၀၈ / ညနေ ၄ နာရီတိတိ )

အရေး၃ပါး


...,, 3 things of life once gone..,
...,.. 3 things of life must not be lost -
Peace .., Hope & Honesty.,,.,,,
....,.. 3 things of life are most valuable -
Love ., Self-Confidence & Friends.,,,.,
...,... 3 things of life are never sure -
Dreams .., Success & Fortune..,.,
...,,.. 3 things make a man/woman -
Hard Work.., Sincerity & Success..,..
...,,.. 3 things of life that history a man/woman -
Wine .., Pride & Anger ...,,..,,

ရှေးရေစက်၏တောင်းဆု


ငါ့အကြောင်းပြော်..ငါ့ဖင်ရှိခိုး..

ရန်အပေါင်းကို
ရန်ပြုသူတို့
ဆင်းရဲခြင်း ကင်းစေလျှက်
အောင်မြင်သော ငါ..
ဖြစ်လို၏။

ငါ၏
ြုကိုးစားခြင်း
တည်ုကည်ခြင်းနှင့်
သစ္စာတရားကို
အဘယ်သူသည်
ဖျက်ဆီးလိုအံ့နည်း။

အုကင်သူသည်
ဖျက်ဆီးရန်

ုကံစည်ငြား
ပြောဆိုလုပ်ဆောင်ငြားသော်
ထိုသူ၏
နှလုံးအိမ်မည်း၌
ငါ၏ ခွင့်လွတ်ခြင်း
တည်သည်ဖြစ်၍

ငါ၏ဘ၀ ထာဝယ

ဖြူစင်ပါစေ သတည်း။

တောင်းပန်အပ်ပါသည်။ စကားလုံးအသုံး ရိုင်းသွားသည်ကို ခွင့်လွှတ်ပေးကြပါရန်။

So Funny


Wednesday, November 12, 2008

ဆုတောင်း



တိုင်တည်လိုက်ပါသည်။
ကိုယ်ကောင်းလျှင် ခေါင်းမရွေ့နှိုင်ပါသော်။

စိတ်ထားကောင်းလျှင်ကံကောင်းမည်။


ဘုရားအဆုံးအမ
အကုသိုလ်များ ရှောင်ရှားပယ်လေ ကုသိုလ်တရား ဖြစ်ပွားစုံစေ မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ ဤသုံးပါး ဘုရားဆုံးမပေ။



ရှေးရေစက် ( ၁၂-၁၁-၂၀၀၈ / ၁နာရီ၃၅ မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ



ဗုဒ္ဓ အဆုံးအမများ

လက်ကျန်ပုံလေးများ...ဆက်ရန်ပေးပို့လိုက်ပါတယ်။


ရှေးရေစက် ( ၁၁-၁၁-၂၀၀၈/ ၁နာရီ၃၀မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ






ဗုဒ္ဓ အဆုံးအမများ
အားတောင်နာလာပြီ..ပုံလေးတွေကများတော့ ..အားမှဖတ်ကြပါနော်..

ရှေးရေစက် ( ၁၁-၁၁-၂၀၀၈ / ၁နာရီ၂၇ မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ

ဗုဒ္ဓ အဆုံးအမ များ
ဆက်လက်ဖတ်ုကည့်ရအောင်နော်..
ဒီလိုတင်ထားလို့ ရှေးရေစက်က တရားသမားလား..တရားတွေပေါက်နေတာလားဟဲ့ ..ဆိုရင်တော့..
ဟင့်အင်းး... တရားမပေါက်သေးပါဘူးနော်..
ရှေးရေစက်မသိတာတွေ အများကြီးရှိနေပါသေးတယ်...
ဒါကြောင့်ဝေမျှပေးတာပါနော်။


ရှေးရေစက် ( ၁၁-၁၁-၂၀၀၈ / ၁နာရီ၂၃မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ






ဒီနေ့ မြန်မာနိုင်ငံမှာ တန်ဆောင်မုန်းလပြည့်နေ့ပေါ့..ရှေးရေစက် သတိယလိုက်တာ..
မိဘ၂ပါးနဲ့ ရှေးရေစက်ရဲ့ ကလေးတွေ (မွေးစားကလေးတွေနော်)..ကထိန်သွားခင်းကြတယ်လေ..
ရှေးရေစက်တို့ အဖိုးအဖွားတွေ ဘုရားတည်ပေးခဲ့တဲ့ သုံးခွမြို့ တဖက်ကမ်းက နံယောကျေးရွာမှာ..
ရှေးရေစက် ဒီအချိန် မြန်မာပြည်မှာသာရှိရင် ရှေ့ဆုံးက မမ ပေါ့.. အလှူ အတန်းဆို လာထားပဲလေ..
အခုတော့ ..သူတို့တွေ ဒီအချိန် ပီတိဝေဖြာပြီး လှူတန်းနေမှာကို တရေးရေးမြင်ယောင်ရင်း မုဒိတာပွါး.
သာဓု..သာဓု..သာဓု .. ခေါ်ရင်း... မျက်ရည်ဝဲ...အဝေးက လွမ်းနေရပါတော့တယ်။
ဒါကြောင့် အင်တာနက်က သူငယ်ချင်း ( ဗမာပြည်က ) အီးမေးလ်နဲ့ လှမ်းပို့လိုက်တဲ့ ..ဒီ.. ဘာသာတရားစာသားလေးတွေကို ဝေမျှလိုက်ပါရစေရှင်။
ဗုဒ္ဓ ဘာသာ ဖြစ်ရခြင်း... မြန်မာပြည်မှာ ဗမာလူမျိုးအဖြစ်မွေးဖွားခြင်းရဲ့ ကောင်းကျိုး ကဒီလို ဘာသာရေးပွဲလေးတွေ မမေ့မလျှော့ လုပ်ပြီးကုသိုလ်ယူကြရလို့လေ...
ဘာပဲဖြစ်ဖြစ်..ရှေးရေစက်ကတော့ ဗမာလူမျိုး..ဗုဒ္ဓ ဘာသာ ဖြစ်ရတာကို အရမ်းကျေနပ်ပါတယ်ရှင်။

ရှေးရေစက် ( ၁၁-၁၁-၂၀၀၈ / ၁နာရီ၂၈မိနစ် )

Monday, November 10, 2008

ထာဝယုဖူစင်ပါစေ


Type your summary here.

Type the rest of your post here.

မျှော်လင့်ချက်သာမထားခဲ့ရင်


ပြေးလို့လွတ်အုန်းပါ့မလား.. ဒီ..ဝေဖန်မှု့တွေ..

တစ်ခါတုန်းက မြတ်စွာဘုရားဟာ အမျိုးသမီးတစ်ယောက်ကို သတ်ပါတယ်ဆိုပြီးစွပ်စွဲခံရပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေက ပြင်းပြင်းထန်ထန်ကို မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေကို စွပ်စွဲနေကြပါတယ်။ ဒီလိုစွပ်စွဲခံနေရတဲ့အတွက် ရှင်အာနန္ဒာက ဒီအရပ်ကို ခွာပြီး တစ်ခြားအရပ်မှာ ပြောင်းနေကြဖို့ မြတ်စွာဘုရားကို လျှောက်တယ်။ "ချစ်သား အာနန္ဒာ၊ တစ်ခြားအရပ်ကလဲ အခုလိုပဲ ဝေဖန်ကြပြန်ရင်ရော" လို့ မိန့်တော်မူတယ်။ ရှင်အာနန္ဒကလဲ နောက်ထပ်လျှောက်တင်ပြန်တယ် "အဲ့ဒီလိုဖြစ်နေပြန်ရင်လဲ နောက်တစ်နေရာ ပြောင်းကြမှာပေါ့ဘုရား" ဒီတော့ မြတ်စွာဘုရားသခင်က "ဒီလိုဆိုရင်တော့ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးသာ ကုန်သွားမယ်။ ငါတို့တွက် နေစရာရှိတော့မှာ မဟုတ်ဘူး။ ချစ်သား အာနန္ဒာသည်းခံပါ။ ဒီပြစ်တင် ဝေဖန်မှုတွေဟာ မကြာခင် သူ့အလိုလို ရပ်သွားမှာပါ" လို့ မိန့်တော်မူတယ်။
ဒီလိုပဲ.... တို့ နှစ်ယောက်ကိုလဲ................

Friday, November 7, 2008

ကဗျာသက်သက်..ငါ..တင်ခဲ့


မပြိုချင်ဘဲ
ပြိုခဲ့ရ......ကောင်းကင်
မရွာချင်ဘဲ
ရွာခဲ့ရ......မိုးသား
မငိုချင်ပဲ
ငိုခဲ့ရတဲ့...ငါ့နှလုံးသား
မလွမ်းချင်ဘဲ
လွမ်းခဲ့ရတဲ့.....ငါ့အတိတ်

နှလုံးသားဒဏ်ရာ
မျက်ရည်မိုး
သွန်းကာဖြိုးတော့
အလွမ်းဝေဒနာ
ငါ့ရင်မှာ မချိပြီ

အော်...
ခုတော့လည်း
ဒီ...အလွမ်းဝေဒနာ
အိပ်မက်မှာသာ
ကျန်ခဲ့ပြီမို့....

ရှေးရေစက် ( နိုဝင်ဘာ-၇-၂၀၀၈ )

ကျွန်မ၏ချစ်ခြင်းတည်ရာ..


ကျွန်မ၏ချစ်ခြင်းတည်ရာ

ကျွန်မတိုင်းပြည်လေးမှာ.. ကျန်ခဲ့တဲ့အရာရာကိုလွမ်းတယ်...
ငိုကြွေးရင်း..လွမ်းကျန်ခဲ့တဲ့
ကျွန်မကိုချစ်သောသူများကို လွမ်းတယ်....
ကျွန်မတိုင်းပြည်မှာ..
သစ်မြစ်လေးတွေအစ...
စပါးပင်တန်းလေးတွေကို ချစ်တယ်..
ကျွန်မတိုင်းပြည်က...
ဂရုစိုက်မှု့တွေဗလပွနဲ့အရိပ်တကြည့်ကြည့်နေပေးတဲ့
ကျွန်မကိုချစ်သောသူလေးကို ချစ်တယ်..။
ငါချစ်တယ်...တကယ်လို့
အကြိမ်ပေါင်းတစ်ထောင်သေရင် အဲဒီမှာပဲကျွန်မသေချင်တယ် တကယ်လို့ အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း အဲဒီမှာပဲ ကျွန်မပြန်မွေးချင်တယ်။ တကယ်လို့ အကြိမ်ပေါင်းတထောင်ချစ်ရမယ်ဆိုလဲ အဲဒီမှာရှိနေ..ကျန်နေခဲ့တဲ့ ကျွန်မ ကိုချစ်သော....အားကိုးကြသော...ကြင်နာကြသော..သူများနှင့် တစုံတယောက်ကိုပဲ ချစ်................နေ...........မယ်............။

ကျွန်မနှင့်သက်ဆိုင်သော...


ကျွန်မသည် ... အဘယ်သူနှင့်မှမသက်ဆိုင်သောသက်ရှိဖြစ်ပြီး ကျွန်မသက်ဆိုင်ခဲ့သောတစ်ခုတည်းသောသက်ရှိသည်"ချစ်သူ"ဖြစ်သည်။ ကမ္ဘာကြီး၏တစ်ဖက်ခြမ်းကလင်းချင်းနေချိန်တွင်တစ်ဖက်ခြမ်းကမှောင်နေခဲ့လိမ့်မည်။ ယခုကျွန်မ၏ကမ္ဘာခြမ်းအမှောင်လွှမ်းတော့မည်။ချစ်သူ၏နေ့ရက်များလင်းချင်းတောက်ပနေခဲ့ပါစေ။ ကျွန်မနှင့်ကမ္ဘာခြားနေခဲ့ပါစေ။ဘ၀အဆက်ဆက်သံသရာအဆက်ဆက်ဆိုသော ကြိုးများအကြောင်း ကျွန်မကြိုးစားမေ့လျော့ထားလိုက်ပါမည်။ ကျွန်မကချည်နှောင်မှုများကိုမလိုလားခဲ့သူပါ။ သို့တိုင်လျက် အချည်ခံချင်သောကြိုးလေးတစ်စတော့ ရှိနေခဲ့သည်။
ထိုကြိုးလေးမှာလဲ..ကျွန်မ၏ ချစ်သူသာပင်ဖြစ်နေတော့သည်။

ရှေးရေစက် ( နိုဝင်ဘာ-၇-၂၀၀၈ )

Tuesday, July 8, 2008

ရှေးရေစက်




ရှေးရေစက်နဲ့ အမျှင်

ရှေးရေစက်
လှပခွှင့်..မရတဲ့ ကောင်းကင်အောက်မှာ… ရှေးရေစက်နဲ့ တွေ့ခဲ့ . . . . .
သန့်ရှင်း….ကြည်လင်တဲ့ နေရာလေးမှာ ..စိတ်ထားခြင်း ..ဖလှယ်ဖြစ်ခဲ့ . . .
နေရာလေး တစ်ခုက ရှေးရေစက်ရဲ့ နံမည်လေး ကို မြင်တိုင်း . . .
ရင်မှာ သွက်သွက်ခါအောင် ချစ်ခဲ့ ( ရှေးဘ၀က ညီမလေး စစ်စစ်ကို ရလို့ )။

ရှေးရေစက်လေးရဲ့ မလှပတဲ့ အတိတ်ဘ၀ စာမျက်နှာတွေ ကိုဖတ်ရတော့ . . .
ရင်ထဲမချိ . . . နှမြော . .တသ . .ဖြစ်ရ . . (ကံဆိုးလိုက်တာကွယ် )။
ရင်တခုလုံး… မှိုင်း . . မှုန် . . ရီဝေ . . သွားခဲ့ . .( ဖြစ်ရလေခြင်းရယ်လို့)။

ရှေးရေစက်လေး ရဲ့ ထီမထင်တဲ့ စကားတွေက . . .
ငါ့ ကို ပြန်နှစ်သိမ့်ခဲ့ . . (သြော်..ဘ၀ကံပေး..မကောင်းသူလေးရယ်)။
ချစ်တယ်ဆိုတာ…စကားလုံးက ..လှပ..နူးညံ့သလောက်..
သစ်ရွက်တွေ ဝေကျသလို..ဒီ ပါးစပ်က ခြွေ..ချ ဖို့ ခက်လှ ပါရဲ့.. (ရှေးရေစက်လေးရဲ့)

အပိုင်လိုချင်လိုက်တာ ဆိုပြီး.. သတိယစိတ်နဲ့ တိတ်တိတ်ကျိတ်လုပ်ထားတဲ့
ရှေးရေစက်လေးအတွက်…ရင်ဖွင့်ပွဲ စာမျက်နှာလေးကို..
ဒီ..ရင်ဘတ်ထဲက နှလုံးသား..ဖြူဖြူ သန့်သန့် နဲ့ (သန့်ရှင်းစွာဖွင့်ပေးခဲ့)

တကယ်ဆို….တနေရာထဲမှာ..ဆုံနိုင်ခွင့် ဆိုတဲ့ စကားလုံးကိုသာ..
တိတ်တိတ်ကြိတ် ဆုတောင်းရေရွတ်ရင်း…
ရှေးရေစက် အကြောင်းကံက ..ဆန်းကြယ်စွာ..(ဖန်တီးခဲ့ရက်တယ်လို့)
တသသ..တအံ့တသြ..ရေရွတ်ရင်းးး
ရှေးရေစက်…ကံ ပါလို့..အပိုင်ရလိုက်တဲ့ ….
ညီမလေးရဲ့ ..တခစ်ခစ် နဲ့ ရီသံလိုလို..ငိုသံလိုလို..(ရင်ကွဲသံလေးကို)
ကြားနေရခဲ့….. ညီမလေးရဲ့ .. . .. … .။


ရှေးရေစက်အမျှင် ( ဇူလိုင်လ-၈-၂၀၀၈/ မနက် ၃နာရီ၅၀ မိနစ် )

About My Mine


You Can Own The Earth & Still All You'll Own In Is Earth Untill....

အမျှင်


Monday, July 7, 2008

အချိန်

တစ်ခါ တစ်ရံ အချိန်တို့သည် အကုန်မြန်လွန်းလှသည်ဟု ထင်ရ၏။ တစ်ခါ တစ်ရံ၌ကား အချိန်တို့သည် ကုန်လွန်ခဲ လှသည်၊ ရှည်ကြာလွန်းလှသည် ဟုထင်မိ၏။ အမှန်စင်စစ်ကား အချိန်သည် လူတို့အပေါ် ဖေါက်ပြန်ပြောင်းလဲ ခြင်းမရှိ ပကတိ မှန်ကန်နေသည်သာဖြစ်၏။ ယခု ကျွန်နုပ်ဘ၀တွင် အချို့သော အရာတို့အတွက် အချိန်သည် ကုန်ခဲလွန်း၊ ရှည်ကြားလွန်းလှပါ၏။ အချို့သော အရာတို့အတွက်ကား အကုန်မြန်လွန်းလှချေ၏။ ထိုကဲ့သို့ ဖြစ်နေခြင်းသည် ကျွန်တော့်အပေါ် အချိန်ကာလတို့က သစ္စာဖေါက်ခြင်းမဟုတ်၊ ကျွန်တော်က သာလျှင် ကိုယ့်အတ္တအတွက် အချိန်ကာလတွေအပေါ် သစ္စာဖေါက်နေခြင်း ဖြစ်ပါ၏။ မည်သို့ဆိုစေ ကျေနပ်နိုင်အောင် ကြိုးစားရမည်သာ ဖြစ်ပါ၏။

ရင်ဖွင့်ခဲ့


myspace comments