
မပြိုချင်ဘဲ
ပြိုခဲ့ရ......ကောင်းကင်
မရွာချင်ဘဲ
ရွာခဲ့ရ......မိုးသား
မငိုချင်ပဲ
ငိုခဲ့ရတဲ့...ငါ့နှလုံးသား
မလွမ်းချင်ဘဲ
လွမ်းခဲ့ရတဲ့.....ငါ့အတိတ်
နှလုံးသားဒဏ်ရာ
မျက်ရည်မိုး
သွန်းကာဖြိုးတော့
အလွမ်းဝေဒနာ
ငါ့ရင်မှာ မချိပြီ
အော်...
ခုတော့လည်း
ဒီ...အလွမ်းဝေဒနာ
အိပ်မက်မှာသာ
ကျန်ခဲ့ပြီမို့....
ရှေးရေစက် ( နိုဝင်ဘာ-၇-၂၀၀၈ )
No comments:
Post a Comment