တစ်ခါ တစ်ရံ အချိန်တို့သည် အကုန်မြန်လွန်းလှသည်ဟု ထင်ရ၏။ တစ်ခါ တစ်ရံ၌ကား အချိန်တို့သည် ကုန်လွန်ခဲ လှသည်၊ ရှည်ကြာလွန်းလှသည် ဟုထင်မိ၏။ အမှန်စင်စစ်ကား အချိန်သည် လူတို့အပေါ် ဖေါက်ပြန်ပြောင်းလဲ ခြင်းမရှိ ပကတိ မှန်ကန်နေသည်သာဖြစ်၏။ ယခု ကျွန်နုပ်ဘ၀တွင် အချို့သော အရာတို့အတွက် အချိန်သည် ကုန်ခဲလွန်း၊ ရှည်ကြားလွန်းလှပါ၏။ အချို့သော အရာတို့အတွက်ကား အကုန်မြန်လွန်းလှချေ၏။ ထိုကဲ့သို့ ဖြစ်နေခြင်းသည် ကျွန်တော့်အပေါ် အချိန်ကာလတို့က သစ္စာဖေါက်ခြင်းမဟုတ်၊ ကျွန်တော်က သာလျှင် ကိုယ့်အတ္တအတွက် အချိန်ကာလတွေအပေါ် သစ္စာဖေါက်နေခြင်း ဖြစ်ပါ၏။ မည်သို့ဆိုစေ ကျေနပ်နိုင်အောင် ကြိုးစားရမည်သာ ဖြစ်ပါ၏။
No comments:
Post a Comment