I made this widget at MyFlashFetish.com.

Tuesday, January 6, 2009

“သစ္စာ”လက်သန်းလေး နစ်ချောင်း..


သံသရာဆိုတာသိပ်ကျယ်ပြောတာပဲ
ငါတို့နှစ်ယောက်..“သစ္စာ”ပြူခဲ့ကြပြီးပြီနော်..

ဘယ်လိုပုံစံ..ဖြစ်ဖြစ် တသက်လုံးချစ်မယ်..

ဘာအတားအစီးတွေရှိရှိ လက်တွဲရင်ဆိုင်မယ်..

တနေ့နေ့..တချိန်ချိန် ..အတူဆုံမယ်ဆိုတာ

ထင်တော့ထင်နေ..သိတော့သိနေခဲု့ကတာပဲ..

ကံတရားက မျက်နှာသာလေးပေးလာတဲ့..တနေ့ပေါ့..
လှိုင်းတွေကကြီးလွန်းပြီး

ပင်လယ်ကွေ့တွေကများလွန်းတယ်..

ခံနိုင်ရည်ရှိဖို့က… ကိုယ်တို့နစ်ယောက်ရဲ့တာဝန်လေ..
ဆံချည်တစ်မျှင်စာလောက်ပဲကွာတဲ့

ဖြစ်ရပ်တွေကလည်းအများကြီးပဲ..

မြင်ရက်နဲ့..မုကင်ရမဲ့...အဖြစ်မျိုးလဲ.ုကုံကရအုန်းမှာ..
ဒါပေမဲ့…

ဘာတွေဘယ်လိုဖြစ်ဖြစ်..

သစ္စာမပျက်ကြေး… ချစ်ဆုံးသူ..

လာ.. လက်သန်းလေးပေး..

တို့ ..နစ်ယောက် လက်သန်းလေး၂ချောင်းချိတ်ထားတာ

လူတွေအမြင်မှာတော့..ဘာခိုင်မှာလဲပေါ့..

မှတ်ထားစမ်းလိုက်ချစ်သူ…

ဘာ…ဘယ်..အရာနဲ့မှ..ခွဲဖြတ်လို့မရတဲ့..

သစ္စာလက်သန်းလေး နစ်ချောင်း..

သူတို့တွေဝိုင်းခွဲခြားနေတဲ့..

အရောင်တွေကို

တို့နစ်ယောက်ရဲ့နလုံးသားနဲ့ပဲခွဲရလိမ့်မယ်..

ဒါ..တို့နစ်ယောက်နဲ့ပဲဆိုင်တယ်နော်..

Wednesday, December 17, 2008

အရည်ထုတ်


selectionjme.mp3 - unknown

မရှိခဏ


မရှိခဏ ...

- မြွေကြီးလို့သာ နဂါးဖြစ်လာတာ..ထောင်ပြစရာအမောက်မရှိဘူး..။
- လက်ဖ၀ါးမို့သာ အရေးအေုကာင်းပါလာတာ
မာန်တက်စရာ ထီးရိုးမရှိဘူး..။
- ကိုယ်စီခာတ်ကွင်ပြင် မြစ်ထဲတော့ဝင်လာုကတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ..
အစုန်သမားက လန့်အော်..
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး...။
- နစ်ကူးလို့သာ ဂဏန်ုးကီးလာတာ
တကယ်ပြစရာ အသက်လဲ မရှိဘူး..။
- လှူပ်ရှားနေလို့သာ ဘ၀လို့ခေါ်တာ
ဖေါ်ပြစရာ အဓိပါယ်လဲ မရှိဘူး...။

ရှေးရေစက်

မှတ်ချက်။ ။ (( မရှိခဏ )) ဆိုတဲ့ စကားလုံးလေးကို ကျွန်မ ခဏခဏ သုံးဖြစ်ခဲ့ပါသည်။ မည်သည့်အချိန်တွင်သုံးမိသည်ဆိုပါက ကျွန်မ၏ မေမေ တွင် ၀င်ငွေပြတ်သည့်နေ့များတွင်ကျွန်မ မေမေ့ဘေးတွင်ရှိသည်ဖြစ်စေ/ မေမေ၏ အဝေးကိုရောက်နေချိန်ဖြစ်စေ .. ကျွန်မ ပြော်ခဲ့ဖူးပါသည်။ မေမေရယ်.. မရှိလဲခဏပေါ့ ..နော် မေ..နော်..
ဆိုပြီး.. မေမေ့ကိုအားပေးခဲ့ဖူးပါသည်။ ယခုရက်ပိုင်းကျွန်မ၏ အီးမေးလ်သို့ မရှိခဏ ၏ လေးနက်ခြင်း ဆောင်းပါးလို့ဆိုသည်ထက်..စာသားလေး ကို Scan ဖတ်ထားသည့် attachment file လေး က်ုရရှိခဲ့ရာ.. ကျွန်မအတိုင်းမသိ ၊ ကျေနပ်.. ပီတိ..ဂုဏ်ယူ စွာ မျက်ရည်ဝဲခဲ့ရပါသည်။
ကျွန်မ သုံးမိသည့် ထို...(( မရှိခဏ )) စာသားလေးကို ကျွန်မ လေးစားသော ပုဂိုလိမှ ရဲရင့်စွာ ရေးသားခဲ့သည့်အတွက် ကျွန်မ အတိုင်းမသိ ဂုဏ်ယူစွာ ဒီ Post ကို တင်ပြခြင်းဖြစ်ပါသည်..ရှင်..။

ရှေးရေစက်ကြိုက်တယ်။


*မြစမ်းမျက်ရည်*

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မုကည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေုကည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။


ရှေးရေစက်
အမိမြေမှအဝေးရောက်နေသူ

မညာတော့ဘူး..မင်းကိုချစ်သည်။

http://www.mediafire.com/?yzjlzidjgyz

Friday, December 5, 2008

အကယ်၍သင့်ဘဝတွင် ဤမျှ လောက်ချစ်ရမည့်သူ ရှိပါက...


ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊

ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊

ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊

ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊

ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊

ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး

ကောင်မလေးက နောက်မှ့ကြင်နာမှု များဖြင့်ဖက်လိုက် သည်။

ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီ့ဟာုကီး
ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှုကြောင့်
အဆောက်အဦထဲ သို့ဝင် တိုက်မိေုကာင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနစ်ဦး
ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကာင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော
စကား နှင့် ယုယ မှု များကို နောက်ဆုံးအုကိမ်ခံယူ သွားကာ
မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား
သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။


အရမ်းချစ်တဲ့ ချစ်သူတိုင်း ..ဒီ..လို အဖြစ်ဆိုးမျိုးမှ ကင်းဝေးပါစေ...။

Thursday, November 20, 2008

ဆွေးရတယ်


ယုံကည်ပါ..ငါပြော်လိုက်ပါရစေ။
အချိန်ကို ရပ်ဆိုင်းထားချင်လည်း.
ပြင်ဆင်နိုင်ခွင့် မရှိသော ဘ၀တွေရယ်..
ဆွေးရတယ်။
ယုံကည်စွာမျှော်လင့်ခဲ့မိတယ်..
တချိန်ချိန် (တဘ၀..ဘ၀..) မှာ ပြန်ဆုံဆည်းကြမယ်လို့.........



ရှေးရေစက်
နိုဝင်ဘာ ၂၀..၀၈ ( ည )

ဘယ်တော့မှမမေ့ဘူးးးးး

ရှေ့ဆက်ရမဲ့ မင်းရဲ့ ဘ၀အသစ်အတွက်...
ဒီရပ်ဝန်းလေးထဲမှာ သူ့ထက်ပဲ လူချစ်လူခင်ပေါ များနိုင်ကြပါ့ မလားလို့
သံသယထားစရာတောင်မလိုတဲ့သူ...။
အခြေအနေ အကြောင်းကြောင်းကြောင့်
သူချစ် တဲ့သူတွေကို မခွဲ ချင်ပဲ ကျောခိုင်းခဲ့ရတဲ့သူလေးတစ်ယောက်.....

ဘယ်တော့မှမမေ့ဘူးးးးးးးးးးးးးးးးး။



ရှေးရေစက်
နိုဝင်ဘာ-၂၀-၂၀၀၈(ည၈နာရီ၂၀မိနစ်)

ချန်ခဲ့သူနဲ့ကျန်ခဲ့သူ


ရှုပ်ပါတယ်ကွာ..
လုပ်စရာတွေရှိသေးလို့..
မြန်မြန်လေး ဒိုး ( ထွက် )သွားခဲ့တယ်..
တမျိုးတော့မထင်ပါနဲ့တဲ့..
တမင်တကာရက်စက်ခဲ့တာမဟုတ်ရပါဘူး..
အင်တာနက်က သူငယ်ချင်းတွေကို..
နုတ်မဆက်ပဲ ( ဒိုး )သွားခဲ့တယ်...

ှSee you Next Life .....တဲ့ ။


ရှေးရေစက်
Nov-20-2008/ 8:15 PM

ရှေးရေစက်..ရင်ကွဲတာ ..သူ့ေုကာင့်


မီးချစ်လေး..
သံသရာမှာ ကျင်လည်နေသမျှ... နောက်နောင်ဘ၀... မိဘကို.. ဒီ့ထက်ပို..အုကာုကီးလုပ်ကျွေးနိုင်ပါစေ။
ကိုယ်လဲတနေ့ ..မီးချစ်လေးနောက် လိုက်ရမှာသိပေမဲ့... ဖြေလို့မရဘူး.....



ရှေးရေစက်
နိုဝင်ဘာ-၂၀-၂၀၀၈( ဒီအချိန်)

Wednesday, November 19, 2008

အနိုင်ပိုင်းသွားတာလားကွယ်..


မနေ့က ရှေးရေစက် ရင်အစိတ်စိတ်..အမွာမွာကွဲေုကတဲ့နေ့လေးပါ..
၂၀၀၃ ခုနှစ်ကတည်းက ..www.yangoncity .. X Chat မှာ... စတွေ့..စချက်မိကြပြီး..အပြင်မှာပါ..
ညီအစ်မအရင်းလို ချစ်လာခဲ့ရတာ.. ပြီးတော့.. ကောင်းတိုင်ပင်..ဆိုးတိုင်ပင်..အစစ..အရာရာ နားလည်ပေးနိုင်တဲ့..

ချစ်လွန်းလို့ .. တယောက်နဲ့တယောက်ခေါ်တာတောင်.. မီးချစ်လေ... မချစ်လေး... ဆိုပြိး..
ခေါ်ခဲ့ကြတာ... သိပ်တော်ပြီး.. သိပ်ဖြတ်လတ်တဲ့ မိန်းကလေး..
သူ....... အခုတော့...ထားခဲ့ပြီ..အရာရာကို အနိုင်နဲ့ပိုင်းပြီး... သူလာရာလမ်းကို..သူ..ပြန်ထွက်သွားခဲ့ပြီလေ။
သူ နဲ့ ရှေးရေစက် မတွေ့ဖြစ်တာကြာလို့ ..ဒီတခေါက် ရှေးရေစက်..မြန်မာပြည်ကမထွက်လာခင်..
သူလာတွေ့တော့ သူကရှေးရေစက်ကိုမှာနေသေး.. မချစ်..ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်တဲ့။
သူကတအားပိန်နေလို့..သူ့ ဆံပင်အရှည်ကြီးတွေ မရှိတော့လို့...မီးချစ်လေးသာ ဂရုစိုက်ပါဆိုတော့..
ရှေးရေစက်ပါးကို တဖွဖွ နမ်းပြီး.. မီးချစ်က နောက်ဘ၀မှာ..မချစ်ကို ယူမှာတဲ့..
နောက်ဘ၀ကျရင် ယောက်င်္ကျားလေးဖြစ်ပါစေတဲ့... သူ...နုတ်ဆက်သွာတာလား...
သူ့မှာ သွေးကင်ဆာရှိနေတာ..ဘာလို့မပြော်တာလဲ... အ..ခု...တော့............
ရှေးရေစက်ရဲ့.... အမျှင်လေး တခု ...ပြတ်သွားခဲ့ရပြီ။
ထားခဲ့သူနဲ့ ကျန်ခဲ့သူမှာ... အပူမီးတောက်လောင်ရတာက .. ကျန်ခဲ့သူပါ...
သွားလေသူကတော့ .. ငြိမ်းချမ်းသွားပြီပေါ့...
ရင်နာတာက.. မိဘကို ငယ်ငယ်ရွယ်ရွယ်နဲ့လုပ်ကျွေးနေတဲ့ သူမလေး..အစောုကီးပြန်သွားရတာကိုပဲ..
သေမင်းကတော့.. ဘာမှ သိမှာမဟုတ်ဘူးပေါ့နော်..ငယ်တာ..ုကီးတာ..ဆင်းရဲတာ..ချမ်းသာတာ..
သူ့အချိန်တန်ရင်သူကတော့..သူလုပ်စရာရှိတာကို..လုပ်သွားတာပါပဲ...
သူမလေးကတော့..ဘာပဲဖြစ်ဖြစ်..လောကုကီးကို အနိုင်ပိုင်းသွားခဲ့ပြီ။
ရှေးရေစက်...တို့...ကရော......................................


၁၆-၁၁-၂၀၀၈ / ည ၁၁နာရီ၄၅မိနစ် မှာ.. ဘ၀တပါးသို့ကူးပြောင်းသွားပါသော......... အမျှင်လေး(မီးချစ်)
ကောင်းရာဘုံဘ၀ရောက်ပါစေ။







Monday, November 17, 2008

အရိနမာသိပါတယ်

http://www.youtube.com/watch?v=a5sPbJPDz3w

ပေါက်တတ်ကရ ရေစက်မ



သူက သူမလေးကို တကယ်သိပ်ချစ်တာ

သူ..က ကင်းကောင်
သူမ..က ဂေါ်ဇီလာ
တိုက်ခိုက်ရင်းနဲုကက်ဆူပင်တွေ ပျက်စီးခဲ့ဖူးတယ်။ ( တော်တော်ုကီးတဲ့ အပင်တွေုကုံဖူးပေါင် )

သူ..က သစ်ပင်
သူမ..က မျောက်မလေး
သူမ..ချိုးချခဲ့လို့ လူညွန့်တုံးခဲ့ရတယ်။ ( ခိ .. တော်တော်အစွမ်းထက်တဲ့သူမလေး )

သူ...က မိုးစက်
သူမ...က ကလေးလို
ရူးရူးတွေပေါက်ချ
ထားခဲ့လို့ ပါတ်ဝန်းကျင်မှာ နံဟောင် ကျန်ခဲ့တယ်။ ( ခိ.. ညစ်ပါတ်မလေး )

သူ...က ပန်းပွင့်ငယ်
သူမ..က ယင်ကောင်
ဟိုမှာ..ဒီမှာ..နားပြီး သူဘေးနားလာရစ်ဖူးတယ်
နံလိုက်တာမှ လွန်ရောပဲ။ ( သေချာပြီ ဟိုအပုံပေါ်နားပြီးလာတာဖြစ်မယ်..ခိ )

သူ..က ကျောက်ဆောင်
သူမ...က ရေညှိ
သူမေုကာင့် လူတွေခဏခဏ ချော်လဲကြရတယ်။ ( သူတို့ ခြေမခိုင်ကြတာကိုများ )

သူ...က ရိုးတံရှည်
သူမ...က လင်းတ
မနိုင်မနင်းသူမ၀ိတ်ုကီးနဲ့ တက်လို့

သစ်ကိုင်းကျိုးကျခဲ့ရဖူးတယ်။ ( ရိုးတံရှည်လေးဟာကို သစ်ကိုင်းဖြစ်ရပြန်တယ်)

သူ...က စာအုပ်လေးဖြစ်
သူမ...က ခြ
သူမကိုက်စားသွားလို့ နှလုံးသားတောင် တိုးလှိုပေါက်နေပြီ။

ဒီလိုနဲ့ သူမနဲ့သူ

ဘိုးဘွားရိပ်သာက အဖိုးကီးအိုတွေကို
ရေငတ်နေမလားဆိုပြီး အရက် အတူတူ ၀ယ်တိုက်ခဲု့ကဖူးတယ်။ ( ခိ.. အဖိုးတွေက သာဓု..သာဓု..သာဓု..တဲ့ )

ရှေးရေစက် ( ၁၇-၁၁-၂၀၀၈ / ညနေ ၄ နာရီတိတိ )

အရေး၃ပါး


...,, 3 things of life once gone..,
...,.. 3 things of life must not be lost -
Peace .., Hope & Honesty.,,.,,,
....,.. 3 things of life are most valuable -
Love ., Self-Confidence & Friends.,,,.,
...,... 3 things of life are never sure -
Dreams .., Success & Fortune..,.,
...,,.. 3 things make a man/woman -
Hard Work.., Sincerity & Success..,..
...,,.. 3 things of life that history a man/woman -
Wine .., Pride & Anger ...,,..,,

ရှေးရေစက်၏တောင်းဆု


ငါ့အကြောင်းပြော်..ငါ့ဖင်ရှိခိုး..

ရန်အပေါင်းကို
ရန်ပြုသူတို့
ဆင်းရဲခြင်း ကင်းစေလျှက်
အောင်မြင်သော ငါ..
ဖြစ်လို၏။

ငါ၏
ြုကိုးစားခြင်း
တည်ုကည်ခြင်းနှင့်
သစ္စာတရားကို
အဘယ်သူသည်
ဖျက်ဆီးလိုအံ့နည်း။

အုကင်သူသည်
ဖျက်ဆီးရန်

ုကံစည်ငြား
ပြောဆိုလုပ်ဆောင်ငြားသော်
ထိုသူ၏
နှလုံးအိမ်မည်း၌
ငါ၏ ခွင့်လွတ်ခြင်း
တည်သည်ဖြစ်၍

ငါ၏ဘ၀ ထာဝယ

ဖြူစင်ပါစေ သတည်း။

တောင်းပန်အပ်ပါသည်။ စကားလုံးအသုံး ရိုင်းသွားသည်ကို ခွင့်လွှတ်ပေးကြပါရန်။

So Funny


Wednesday, November 12, 2008

ဆုတောင်း



တိုင်တည်လိုက်ပါသည်။
ကိုယ်ကောင်းလျှင် ခေါင်းမရွေ့နှိုင်ပါသော်။

စိတ်ထားကောင်းလျှင်ကံကောင်းမည်။


ဘုရားအဆုံးအမ
အကုသိုလ်များ ရှောင်ရှားပယ်လေ ကုသိုလ်တရား ဖြစ်ပွားစုံစေ မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ ဤသုံးပါး ဘုရားဆုံးမပေ။



ရှေးရေစက် ( ၁၂-၁၁-၂၀၀၈ / ၁နာရီ၃၅ မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ



ဗုဒ္ဓ အဆုံးအမများ

လက်ကျန်ပုံလေးများ...ဆက်ရန်ပေးပို့လိုက်ပါတယ်။


ရှေးရေစက် ( ၁၁-၁၁-၂၀၀၈/ ၁နာရီ၃၀မိနစ် )

တန်ဆောင်မုန်းလပြည့်နေ့လက်ဆောင်များ






ဗုဒ္ဓ အဆုံးအမများ
အားတောင်နာလာပြီ..ပုံလေးတွေကများတော့ ..အားမှဖတ်ကြပါနော်..

ရှေးရေစက် ( ၁၁-၁၁-၂၀၀၈ / ၁နာရီ၂၇ မိနစ် )

ရင်ဖွင့်ခဲ့


myspace comments